ကီယိုမြန်မာ သဘာဝအသီးခြောက်လုပ်ငန်းမှ ကြိုဆိုပါတယ်။
လုပ်ငန်းအကြောင်း
Kiyo – Myanmar သည် မြန်မာနိုင်ငံမှ အရည်အသွေး ပြည့်မီသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက် အခြောက်ကြော်များ ထုတ်လုပ်သည့် အမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။ ဤထုတ်ကုန်များသည် သန့်ရှင်းလတ်ဆတ်သော ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုကာ အဆင့်မြင့် ဂျပန်နည်းပညာဖြင့် ပေါင်းစပ် ထုတ်လုပ်ထားသည့် အာဟာရဓါတ်များစွာ ပြည့်ဝစွာ ပါဝင်သော၊ ကျန်းမာရေးနှင့် ညီညွတ်သော သရေစာမုန့်တစ်မျိုး ဖြစ်ပါသည်။ ဓာတုပစ္စည်းများ၊ တာရှည်ခံဆေးများ၊ ဆိုးဆေးများ လုံးဝ အသုံးမပြုထားသော ထုတ်ကုန်များ ဖြစ်ပါသည်။ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၏ သဘာဝအနံ့၊ အရသာအတိုင်း ထုတ်လုပ်ထားခြင်း ဖြစ်သည့်အတွက် အသက်အရွယ်မရွေး ရွေးချယ်သင့်သည့် Healthy Snack ဖြစ်ပါသည်။