သရက်သီးခြောက်

နာမည်ကျော်ကြား လူကြိုက်များသည့် မြန်မာ့ဂုဏ်ဆောင် စိန်တစ်လုံးသရက်သီးမျိုးကိုသာ အသုံးပြုထားပါသည်။ အာဟာရဓါတ်ပြည့်ဝစွာ ပါဝင်သည့်အပြင် စိန်တစ်လုံး၏ ပင်ကိုယ်သဘာဝအတိုင်း ထူးခြားတဲ့ အရသာ၊ မွှေးကြိုင်တဲ့ ရနံ့တို့ကြောင့် လူကြိုက်များသည့် သရက်သီးခြောက်လေး ဖြစ်ပါသည်။

  • အချိန်တိုင်း
  • နေရာတိုင်းအတွက်
  • အထူးသင့်လျော်သည့် သဘာဝအသီးအနှံခြောက်
  • ကြွပ်ကြွပ်ရွရွ သရက်သီးခြောက်

 

ပိန္နဲသီးခြောက်

မြန်မာ့မျိုးရင်း အော်ဂဲနစ်စစ်စစ် ပိန္နဲသီးကို အသုံးပြုထားခြင်း ဖြစ်ပါသည်။ ဗီတာမင်စီနှင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သည့်အတွက် ကိုယ်ခံအားကောင်းမွန်စေပါသည်။ စွဲမက်ဖွယ်ကောင်းတဲ့ အနံ့၊ အရသာတို့ကြောင့် ကလေး၊ လူငယ်၊ လူကြီးများအားလုံး အကြိုက်တွေ့ရသည့် ထုတ်ကုန်တစ်ခု ဖြစ်ပါသည်။

  • အချိန်တိုင်း
  • နေရာတိုင်းအတွက်
  • အထူးသင့်လျော်သည့် သဘာဝအသီးအနှံခြောက်
  • ကြွပ်ကြွပ်ရွရွ ပိန္နဲသီးခြောက်

 

ရွှေဖရုံသီးခြောက်

ရွှေဖရုံသီး၏ တောက်ပသော ရွှေဝါရောင်အသားသည် မျက်စိကျန်းမာရေးကို အထူးကောင်းမွန်စေပါသည်။ မြန်မာ့မျိုးရင်း ရွှေဖရုံသီးကို အသုံးပြု၍ ထုတ်လုပ်ထားသည့် ဤအသီးခြောက်ထုပ်သည် မျက်စိအားကောင်းလိုသူတိုင်းအတွက် အသည်းစွဲရာ Healthy Snack လေးဖြစ်ပါသည်။

  • အချိန်တိုင်း
  • နေရာတိုင်းအတွက်
  • အထူးသင့်လျော်သည့် သဘာဝအသီးအနှံခြောက်
  • ကြွပ်ကြွပ်ရွရွ ရွှေဖရုံသီးခြောက်

 

ပိန်းဥခြောက်

အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး စိတ်ကျေနပ်မှု အပြည့်အဝရရှိစေမည့် ပိန်းဥခြောက်ထုပ် ဖြစ်ပါသည်။ ပြီးပြည့်စုံသောကျန်းမာမှုကို ရှာဖွေလိုသူတိုင်းအတွက် အထူးသင့်တော်သည့် ပိန်းဥခြောက် ဖြစ်ပါသည်။

  • အချိန်တိုင်း
  • နေရာတိုင်းအတွက်
  • အထူးသင့်လျော်သည့် သဘာဝအသီးအနှံခြောက်
  • ကြွပ်ကြွပ်ရွရွ ပိန်းဥခြောက်