ဘာကြောင့် စားသင့်တာလဲ?
- သဘာဝစစ်စစ်ဖြစ်ခြင်း။
- အာဟာရဓါတ်ကြွယ်ဝခြင်း။
- ကြာရှည်ခံဆေး မပါဝင်ခြင်း။
- အရောင်ဆိုးဆေးများ မပါဝင်ခြင်း။
- သက်သက်လွတ်ဖြစ်ခြင်း။
Kiyo – Myanmar သည် မြန်မာနိုင်ငံမှ အရည်အသွေး ပြည့်မီသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက် အခြောက်ကြော်များ ထုတ်လုပ်သည့် အမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။ ဤထုတ်ကုန်များသည် သန့်ရှင်းလတ်ဆတ်သော ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုကာ အဆင့်မြင့် ဂျပန်နည်းပညာဖြင့် ပေါင်းစပ် ထုတ်လုပ်ထားသည့် အာဟာရဓါတ်များစွာ ပြည့်ဝစွာ ပါဝင်သော၊ ကျန်းမာရေးနှင့် ညီညွတ်သော သရေစာမုန့်တစ်မျိုး ဖြစ်ပါသည်။ ဓာတုပစ္စည်းများ၊ တာရှည်ခံဆေးများ၊ ဆိုးဆေးများ လုံးဝ အသုံးမပြုထားသော ထုတ်ကုန်များ ဖြစ်ပါသည်။ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၏ သဘာဝအနံ့၊ အရသာအတိုင်း ထုတ်လုပ်ထားခြင်း ဖြစ်သည့်အတွက် အသက်အရွယ်မရွေး ရွေးချယ်သင့်သည့် Healthy Snack ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ FDA လက်မှတ်
မြန်မာနိုင်ငံသည် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်သော ရေမြေသဘာဝ ရာသီဥတု ရှိပါသည်။
ရပ်တည်ချက်
ကျွန်ုပ်တို့ မြန်မာနိုင်ငံမှ ထွက်ရှိသော အရည်အသွေးမြင့် သဘာဝ ဟင်းသီးဟင်းရွက်ကုန်ကြမ်းများကို အသုံးပြု၍ အာဟာရဓါတ်များပြည့်ဝစွာ ပါဝင်သော ကျန်းမာရေးနှင့် ညီညွတ်သည့် သစ်သီး၊ သစ်ဥ၊ ဟင်းသီးဟင်းရွက်ခြောက်ကြော်များ ထုတ်လုပ်ရန် ဖြစ်သည်။
မြန်မာနိုင်ငံ မန္တလေးမြို့နှင့် ဂျပန်နိုင်ငံ နိုဘီအိုကာမြို့တို့၏ နှစ်နိုင်ငံချစ်ကြည်ရေးကို လေးစားတန်ဖိုးထားသောအားဖြင့် ခေတ်မီဆန်းသစ်သော ဂျပန်နည်းပညာအသုံးပြု ပူးပေါင်း ဆောင်ရွက်၍ ထုတ်လုပ်ခြင်း ဖြစ်ပါသည်။
မျှော်မှန်းချက်
ကျွန်ုပ်တို့၏ မျှော်မှန်းချက်မှာ မြန်မာ့ဒေသထုတ်ကုန်များ အဆင့်မြှင့်တင်ရန်နှင့် အသက်အရွယ်မရွေး တစ်ဦးချင်းစီတိုင်းအတွက် ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများ ထုတ်လုပ်ရန် ဖြစ်သည်။
ကျွန်ုပ်တို့၏ ထုတ်ကုန်များမှ တဆင့် ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်းအတွက် ကျန်းမာချမ်းသာမှုနှင့် ပျော်ရွှင်မှုကို ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်သွားပါမည်။
ဒေသခံ တောင်သူလယ်သမားများအတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်းတီးပေးရန်နှင့် ရေရှည်စီးပွားဖြစ် တွင်ကျယ်စွာ စိုက်ပျိုးခြင်းဖြင့် လူနေမှု အဆင့်အတန်းကို မြှင့်တင်ရန် အလေးထားလျက် ရှိပါသည်။